Thursday, 22 March 2012

Syskey ဖြင့် ကွန်ပျူတာကို Password ပေးကြည့်ရအောင်

ကျွန်တော်တို့ကွန်ပျူတာအသုံးပြုသူအများစုမှာ မိမိကွန်ပျူတာကို Password ပေးတဲ့အခါမှာ User Account Password ပေးပြီးအသုံးပြုလေ့ရှိပါတယ်။ Syskey ကိုအသုံးပြုပြီး Password ပေးပြီး အသုံးပြုလို့ရတယ် ဆိုတာကို တော်တော်များများသတိမထားမိကြပါဘူး။ ကျွန်တော်တို့ Syskey ဆိုတာ Startup Key ကိုပြောတာပါတယ်။ Startup Key ကို အသုံးပြုမယ်ဆိုရင်တော့ အောက်ပါအတိုင်း အဆင့်ဆင့်သွား လိုက်ပါ။

(၁) အရင်ဆုံး Run Box ကိုဖွင့်ပါမယ်။ Windows Key နဲ့ R ကိုတွဲနှိပ်ပါ။ Run Box ကျလာပါမယ်။

(၂) Run Box ထဲမှာ syskey ဆိုတဲ့ Command ကိုရိုက်လိုက်ပါ။ ပြီးရင် OK ကိုနှိပ်ပါ။


(၃) Securing the Windows Account Database ဆိုတဲ့ Box ကျလာပါမယ်။ အဲ့မှာ Encryption Enagled ဆိုတာကို Select မှတ်ထားပြီးသား ဖြစ်နေပါမယ်။ ဘUpdate ဆိုတာကို Click နှိပ်ပေးလိုက်ပါ။


(၄) နှိပ်ပြီးသွားရင် Startup Key ဆိုတဲ့ Box တစ်ခုကျလာပါမယ်။ အဲ့ဒီမှာ Password Setup အကွက်ကို Select ပေးလိုက်ပါ။ Password နေရာမှာ ကိုယ်ပေးချင်တဲ့ Password  ကိုရိုက်ထည့်လိုက်ပါ။ Comfirm နေရာမှာ အပေါ်ကပေးထားတဲ့ Password ကိုပြည်ထည့်ပေးလိုက်ပါ။


Windows ပြန်တက်လာရင် Syskey Password လာတောင်းတာကိုတွေ့ရပါမယ်။ Startup Key Password က User Account Password ထက် အရင်လာတောင်းတာကိုတွေ့ရပါမယ်။


ပြန်ဖျက်ချင်တယ်ဆိုရင်

ကျွန်တော်တို့ အဆင့် (၁) ကနေ (၄) အထိ အဆင့်ဆင့်ပြန်သွားလိုက်ပါ။ အဆင့် (၄) ရောက်တဲ့အခါ အပေါ်မှာ ကျွန်တော်တို့ Password Startup ကိုရွေးထားပါတယ်။ ဒီတစ်ခါကျွန်တော်တို့ အပေါ်က ပုံအတိုင်း System Generated Password ကို Select ပေးပြီး Store Startup Key Locally ကိုရွေးကာ Ok
 ပေးလိုက်ပါ။ ဒါဆိုရင် Syskey Password ပြန်ပျက်သွားပြီးဖြစ်ပါတယ်။

PDF ဖြင့်သိမ်းထားလိုလျှင် - Download PDF

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Sweet Tomatoes Printable Coupons