သိကြတဲ့အတိုင်းပါပဲ အခုခေတ်မှာ Mobile ဖုန်းတွေက များလွန်းလှပါတယ်။ များလွန်းတာနဲ့အမျှ သုံးစွဲသူတွေက မိမိတို့ရဲ့ လက်ကိုင်ဖုန်းတွေမှာ သီချင်းလေးတွေ၊ ဗီဒီယိုလေးတွေ၊ တရားတော်လေးတွေ ထည့်ထားချင်ကြပါတယ်။ အဲ့ဒီလိုထည့်ထားဖို့အတွက် မိမိတို့ရဲ့ဖုန်းတွေနဲ့သင့်တော်မယ့် Format တွေကို ပြောင်းပေးနိုင်တဲ့ Software ကောင်းကောင်းလေးတွေ လိုအပ်လာပါတယ်။ အခု Wondershare Video Converter Ultimate v 5.7.6.2 ဆိုတဲ့ Software လေးကို လမ်းညွှန်ပေး လိုက်ပါတယ်။ သူက ဘယ်လိုဖုန်းအတွက်မဆို အဆင်ပြေအောင် Convert လုပ်ပြောင်းပေးနိုင်ပါတယ်။ Apple, Nokia, Samsung, HTI, ........... အစရှိသဖြင့် ဖုန်းအမျိုးအစားမျိုးစုံပါဝင်ပါတယ်။ ကိုယ်ပြောင်းချင်တဲ့ ဖုန်းမော်ဒယ်ကို ရွေးချယ်ပြောင်းပေးရုံသာဖြစ်ပါတယ်။
နောက်ပြီးတော့လည်း မိမိရဲ့ Video တွေကိုလည်း 3D Video တွေအဖြစ်နဲ့လည်းအမြန်ဆုံး ပြောင်းပေးနိုင်ပါတယ်။ နောက်ပြီးတော့ HD Video, Online Video အတွက်လည်း ပြောင်းပေးနိုင်ပါတယ်။ ဆက်ပြောနေရင် ရှည်ပါတယ်။ စိတ်ဝင်စားရင် အောက်မှာယူပြီး စမ်းသုံးကြည့်လိုက်ပါ။


Saturday, March 31, 2012
KoSai

Posted in:
0 comments:
Post a Comment